သီဟိုဠ်မှ
ဉာဏ်ကြီးရှင်သည်
အာယုဝဍ္ဎန
ဆေးညွှန်းစာကို
ဇလွန်ဈေးဘေး
ဗာဒံပင်ထက်
အဓိဋ္ဌာန်လျက်
ဂဃနဏဖတ်ခဲ့သည်
သီဟိုဠ်မှ
ဉာဏ်ကြီးရှင်သည်
အာယုဝဍ္ဎန
ဆေးညွှန်းစာကို
ဇလွန်ဈေးဘေး
ဗာဒံပင်ထက်
အဓိဋ္ဌာန်လျက်
ဂဃနဏဖတ်ခဲ့သည်
ဒီလိုအခန်းထဲ
ဒီလိုအနမ်းနဲ့
ဒီအချိန်မျိုး
ထပ်ပြီးတော့မရတော့ပေမယ့်
မင်းအငွေ့အသက်တွေ
ငါထပ်ပြီးရှာဆဲ
ဘယ်မှာလဲ
ခုဘယ်မှာလဲ …
“ယဉ်သောချစ်သူ …
မျက်ဝန်းချင်းဆုံ
ကြည့်တစ်စုံကြောင့်
လှပနေခက် ၊ မျက်နှာထက်မှ
ခဏတာစွင့် ၊ ကြွေလွင့်ခဲ့သော
ပြုံးတစ်ပွင့်အား လွမ်းမိသူ … ”
ကံကိုဆွဲ၍
မှုန်းသီခြယ်
မင်ရည်ကျဲ၏
မကျဲ၏
တက္ကသီလာ မြကျွန်းသာမှာ သူတို့တွေ ကွန်းခိုခဲ့တာ သုံးနှစ်သုံးမိုးရှိခဲ့ပြီ။ လင်းရောင်တို့သူငယ်ချင်းအုပ်စု အဓိပတိလမ်းကိုလျှောက်၊ ဘွဲ့နှင်းသဘင်အရိပ်ကိုခို၊ သစ်ပုတ်ပင်ခြေရင်းမှာကစား၊ ဂျပ်ဆင်ရိပ်မှာနား၍ အဋ္ဌာရသဆယ့်ရှစ်ရပ်အား တာဝန်ကျေဆည်းပူးရင်း ဘဝပေးလူ့တာဝန်ကို ထမ်းဆောင်ရန်အတွက် ကြင်ဘက်ကိုလည်း အသည်းအသန် ရှာဖွေခဲ့ကြ၏။
သူတို့အုပ်စုဝန်းကျင်တွင် တာဝန်ကျသော မြားနတ်မောင်မှာ ဖိုးငနဲများလားမသိ။ သူ့ပစ်ချက်က တလွဲတချော်သာ ဖြစ်ဖြစ်နေလေရာ ပထမနှင့်ဒုတိယ နှစ်နှစ်လုံးလုံး အချိန်အလဟသကုန်ဆုံးခဲ့သည်။ဒီနှစ်တော့ မြားနတ်မောင် လက်တည့်လာပြီထင်၏။ ရမ်းသမ်းပစ်ခတ်သော်လည်း ပစ်မှတ်များကို တစွပ်စွပ်နှင့်ထိမှန်ခဲ့သည်။
ယောက်ျားတို့လုံ့လ ပြုံးပြမှလျှော့ရမည် ဆိုသည့်အတိုင်း မလျှော့သော ဇွဲလုံ့လနှင့်အဆက်မပြတ် ငမ်းကြောဆွဲခဲ့ကြသည်မှာ ပန်းတောထဲမှ ပျားပိတုန်းလိပ်ပြာတို့အလား အုန်းအုန်းကျွတ်ကျွတ် ရှိခဲ့ကြသည်။
သူတို့လိုချင်နေကြတာက ကြာခဲ့ပြီ။ သို့သော် တော်တော်နှင့်မရ။ တတိယနှစ်ရောက်လာကြမှ မတူကွဲပြားသော အဓိကဘာသာရပ်မျိုးစုံမှ ကောင်မလေးများနှင့် အဆင်ပြေကာ အသီးသီး သမီးရည်းစားရခဲ့ကြ၏။ ချစ်တာမချစ်တာ အပထား၊ ပြန်တမ်းဝင် သမီးရည်းစား အသိုက်အဝန်းတွင် အစမ်းခန့်နှင့်အလုပ်ရဖို့က အဓိက ဖြစ်နေသည်။
ကျွန်တော့် ဆုငွေ
ကြွေမျက်ရည်ကို
ရက်စက်တတ်လွန်း ဖုန်းတစ်ခွန်းကြောင့်
ခဏတာမဲ့ သူရခဲ့သော
အပြုံးတစ်ချက် မျက်ရည်စက်နှင့်
လဲ၍ရက လဲလိုသည် …
ဘုံကြိုးပြတ်သည့်
စစ်ကြိုဆော်ခေတ်
နတ်မိမယ်ဆိုသည်ကို
စာပေတွေထဲ၌သာ
ဖတ်ခဲ့ရဖူးသည်။
ယခု ကျွန်တော့်ရှေ့မှောက် နတ်သက်ကြွေရောက်နေသည်မှာ ဘုံကြိုးပြတ်ပြီးရောက်လာသူလေလားဟု ဗုံကြိုးပြတ်ကို ပတ်စာကပ်ပြီး တွေးမိသည်။
ချောင်ထဲမှာ
မှောင်မဲစွာ ငိုတဲ့တိမ်
ကံအားလျော်စွာ
မျှော်ကြည့်ပါလျှင်
ရုတ်တရက်ဆုံ
ကြည့်တစ်စုံသည်
ဘာကြောင့်အေးစက်ရသနည်း …
တစ်ရေးနှိုးအိပ်မက်ထဲ
အငြိုးနဲ့သည်းတဲ့
ကိုယ့်ရဲ့မိုးရယ် …
တွေးထင့်မရဲခဲ့
ဝေးလွင့်ဆဲညတွေ
အစိုးမရသော
မင်းအပြုံးနှင့်
မိုးတစ်ည ကိုလွမ်းမိသူ …
မတွေ့မထင်
မမြင်စိမ့်လျှင်
ဝင်မုခ်ဦးပေါက်
မင်းတစ်ယောက်ကို၊
တလျက်မျှော်သည်၊
မျက်နှာတော်လေး … ဖူးရဖို့ … ။ ။
ချစ်သူတစ်ယောက်
ခေါင်းခေါက်လို့ ယူနိုင်သူရယ်
မောင့်ခေါင်းကို တစ်ချက်လောက်
ခေါက်စမ်းပါကွယ်…
“ဟန်ဆောင်တတ်တဲ့ အပြုံးတွေရဲ့အောက်ဝယ်
နေသားကျသွားမှာလည်း ကြောက်တယ်”